Saturday, August 18, 2007

Intro


စတင်ခြင်း

ဒီနေ့ ညီလေးတစ်ယောက်နဲ့ စကားပြောရင်း ရသွားတဲ့ စိတ်ကူးလေးတစ်ခုကို အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ် ...
  • အင်တာနက်ထဲမှာ လေ့လာသင်ယူစရာတွေများလှပေမယ့် အများစုက အင်္ဂလိပ်ဘာသာနဲ့ ဖြစ်နေတဲ့ အတွက် မြန်မာ အများစုအတွက် အခက်အခဲ ရှိနေမှာ သေချာပါတယ် ...
  • တကယ်တော့ အင်္ဂလိပ်လို လေ့လာရတာကတော့ ပိုကောင်းတာ အမှန်ပါ ...
  • ဒါပေမယ့် အဲဒီလို မလေ့လာ နိုင်သေးတဲ့ အခါမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ရအောင်၊
  • အင်တာနက် အိုင်တီ နည်းပညာတွေကို အွန်လိုင်း ပေါ်မှာ မိခင်ဘာသာ စကားနဲ့ ရည်ညွှန်း ကိုးကားစရာ တစ်ခု အနေနဲ့ လေ့လာနိုင်အောင်၊ ဗဟုသုတ တိုးပွားအောင် ...
  • မြန်မာ အင်တာနက် သုံးသူတွေ အတွက် အကျိုးရှိတဲ့ နေရာတစ်ခု ပေါ်ထွက်လာအောင် စတဲ့ ရည်ရွယ်ချက်များစွာနဲ့ စတင်လိုက်ပါတယ် ...

ဗီယက်နမ်လို တိုင်းပြည်တောင် အွန်လိုင်း အခမဲ့ စွယ်စုံကျမ်း (Wikipedia) မှာ သူတို့ ဘာသာစကားနဲ့ စတင်ရေးသားနေတာ တွေ့ရပါတယ် ကျွန်တော့် အနေနဲ့လည်း အခြေအနေပေးရင် အဲဒီလောက်အထိ ရောက်အောင် သွားချင်ပါတယ် အခုလောလောဆယ်မှာတော့ ကိုယ်နိုင်တဲ့ ဘက်ကနေ စလိုက်ပါပြီ ...

စိတ်ပါဝင်စားတဲ့ ညီအကို မောင်နှမများ အားလုံးကို ၀ိုင်းဝန်း ပါဝင် လက်တွဲကြဖို့ ဖိတ်ခေါ်ပါတယ် ....

2 comments:

Linker++ said...

yes i accept ur advice and ur job!
good luck

မောင်စေတနာ said...

ကောင်းလိုက်တဲ့ ရည်ရွယ်ချက်။ ကျေးဇူးတင်ပါတယ်။ အိုင်တီ အကြောင်း အနည်းကျဉ်းသိချင်ပါတယ်။ Information Technology အကြောင်းပါ။ ဖြစ်နိုင်ရင် နည်းနည်း လောက်ရှင်းပြပေးစေချင်ပါတယ်။

မောင်စေတနာ