Wednesday, September 19, 2007

Title bar


Beginner:
"ခေါင်းစီးတန်း" (Title bar သို့မဟုတ် Titlebar) ဆိုတာ ၀င်းဒိုး(Window) တစ်ခုရဲ့ အပေါ်ဘက်ဆုံး နေရာမှာ မြင်နေရတဲ့ အတန်းလေးကို ခေါ်တာဖြစ်ပါတယ်...

More Details:
- Windows OS ကို သုံးထားတဲ့ ကွန်ပျုတာတစ်လုံးမှာ ဖွင့်ထားတဲ့ ပရိုဂရမ်ဝင်းဒိုး တစ်ခုရဲ့ ခေါင်းစီးတန်း တစ်ခုကို "ဘယ်ဘက်" အစွန်ကနေ စကြည့်မယ်ဆိုရင် သက်ဆိုင်ရာ "ပရိုဂရမ်ရဲ့ ကိုယ်စားပြု အိုင်ကွန်" (Application Icon) ကို စတွေ့ရမှာ ဖြစ်ပါတယ် ပုံမှာမြင်နေရတဲ့ အတိုင်းပါပဲ...



ပုံ-(၁) ခေါင်းစီးတန်းပေါ်ရှိ နေရာများနှင့် ၄င်းတို့၏ အမည်များ

- ပြီးရင်တော့ သက်ဆိုင်ရာ ပရိုဂရမ်က ဖွင့်ပေးထားတဲ့ ပုံ စတဲ့ Document တစ်ခုခုရဲ့ နာမည်ကို တွေ့ရမှာပါ
(ပုံ - 08 Titlebar, Title bar - Wikipedia, the free encyclopedia)
-နာမည်ရဲ့ နောက်မှာ ကပ်ပါနေတာကတော့ ဖွင့်ပေးထားတဲ့ ဆော့ဖ်ဝဲ၊ ပရိုဂရမ်ရဲ့ အမည် (Program Name) ဖြစ်ပါတယ် (ပုံ - Notepad, Mozilla Firefox)

- "ညာဘက်" အခြမ်းကနေ ပြန်ကြည့်မယ်ဆိုရင် ၀င်းဒိုးတွေကို ပိတ်ပေးနိုင်တဲ့ ခလုတ် (Close)၊ အကြီးဆုံး/မူလ အရွယ်အစား ပြောင်းပေးနိုင်တဲ့ ခလုတ် (Maximize/Restore) နဲ့ အသးဆုံးအရွယ်အစား (Minimize) ပြောင်းပေးတဲ့ ခလုတ်တွေကို အစဉ်လိုက် တွေ့ရမှာ ဖြစ်ပါတယ်
- ပွင့်နေတဲ့ ၀င်းဒိုးတွေ အများကြီးရှိနေနိုင်ပါတယ်.. ဒါပေမယ့် လောလောဆယ် အလုပ်တကယ်လုပ်နေတဲ့ ၀င်းဒိုးရဲ့ "ခေါင်းစီးတန်း" ကတော့ အခြားသော ၀င်းဒိုးတွေရဲ့ခေါင်းစီးတန်း တွေထက် ပိုပြီးလင်းနေတာ သတိထားမိနိုင်ပါတယ် (ပုံ - အလုပ်လုပ်နေသည့် ခေါင်းစီးတန်း Active Title bar)
- အရောင် မှိန်ဖျော့ နေတဲ့ အခြားသော ခေါင်းစီးတန်းတွေကတော့ လောလောဆယ် အလုပ် ရပ်တန့်နေတဲ့ အနေအထားမှာ ရှိနေပါတယ် (ပုံ - အလုပ်ရပ်နေသည့် ခေါင်းစီးတန်း Inactive Title bar)

Advanced & References:
*.ခေါင်းစီးတန်း တွေဟာ ၀င်းဒိုးစနစ်တွေမှာ အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်..
*.ခေါင်းစီးတန်း တစ်ခုကို ကြည့်လိုက်တာနဲ့ ဘာဆော့ဖ်ဝဲကို ဖွင့်ထားတာလဲဆိုတာ သိနိုင်ပါတယ်..
*.ဖွင့်ထားတဲ့ ၀င်းဒိုးတစ်ခုကို နေရာရွှေ့ခြင်း (Move)၊ အရွယ်အစား ပြောင်းခြင်း(Size)၊ အသေးဆုံး အရွယ်အစား ချုံ့ခြင်း(Minimize)၊ အကြီးဆုံး အရွယ်အစား ချဲ့ခြင်း(Maximize)၊ ပိတ်ခြင်း(Close) စတာတွေကိုလည်း ခေါင်းစီးတန်းကနေ လုပ်လို့ရပါတယ်
*. System Menu ဆိုတဲ့ Menu တစ်ခုဟာ ၀င်းဒိုးတိုင်းမှာ ပါရှိပါတယ်.. ဒီအတိုင်း ကြည့်မယ် ဆိုရင်တော့ အဲဒီ Menu ကို မတွေ့ရပါဘူး.. ဒါပေမယ့် အဲဒီ Menu ကိုနည်းလမ်းသုံးမျိုးနဲ့ ကြည့်လို့ ရပါတယ်
  1. ခေါင်းစီးတန်း မှာရှိတဲ့ Application Icon(ပုံ-(၁)) ကို မောက်စ်(Mouse) နဲ့တစ်ချက် နှိပ်ခြင်း ပုံ-(၂)
  2. ကီးဘုတ်မှ ALT+SPACEBAR ကိုတွဲနှိပ်ခြင်း (ပုံ-(၂) မှာ မြင်ရသလို မြင်ရပါမယ်)
  3. ခေါင်းစီးတန်းပေါ်က ကြိုက်တဲ့ နေရာတစ်ခုမှာ ညာဘက် မောက်စ်ခလုတ် နှိပ်ခြင်း (Right click) ပုံ-(၃)

ပုံ-(၂) Application Icon ကို မောက်စ်ဖြင့် နှိပ်လျှင် မြင်တွေ့ရမည့် System Menu



ပုံ-(၃) ခေါင်းစီးတန်းတွင် ညာဘက်မောက်စ်ဖြင့် နှိပ်လျှင် မြင်တွေ့ရမည့် System Menu


*.ခေါင်းစီးတန်းကို နှစ်ချက်အမြန်နှိပ် (Double click) တဲ့ နည်းနဲ့ ၀င်းဒိုးတစ်ခုကို အကြီးဆုံး/ မူလ အရွယ်အစား ပြောင်းတာ အပြန်အလှန် လုပ်နိုင်ပါတယ်..
*.၀င်းဒိုးတစ်ခုကို နေရာရွှေ့မယ်ဆိုရင် ခေါင်းစီးတန်းမှာ ဘယ်ဘက်မောက်စ် ခလုတ်ကို "ဖိဆွဲ" (Drag)ပြီး လိုတဲ့နေရာရောက်မှ မောက်စ်ကို လွှတ်တဲ့နည်းနဲ့ ရွှေ့နိုင်ပါတယ်.. System menu မှာ မြင်နေရတဲ့ အမိန့်ပေးချက် Move ကိုလည်း သုံးနိုင်ပါတယ်..
*. အရွယ်အစား (Size) ပြောင်းတာလည်း Move နဲ့ အလားတူပါပဲ..

Reference:
-define:Title bar, Right click, Double click, Drag in Google Search
-Books & Websites shown in Reference Section

မြန်မာ ညီအကို မောင်နှများနှင့်
အိုင်တီနည်းပညာများကို ကျွန်တော်တို့ထက်ပို၍
လွယ်ကူလျင်မြန် ပြည့်စုံစွာ လေ့လာ လိုသူ အနာဂါတ် မြန်မာ့ မျိုးဆက်များ အတွက် ရည်ရွယ်ပါသည် ...
ဆွေးနွေး အကြံပြုချက်များ အားလုံးနှင့် ထပ်မံ ဖြည့်စွက်လိုသော အချက် အလက်များကို Comment မှတဆင့် ထည့်သွင်း ဆွေးနွေး ပေးသွား နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်ခင်ဗျား...

No comments: