Sunday, October 21, 2007

Menu bar


Beginner:

"ရွေးချယ်စရာစာရင်း" မီနူး(Menu) များကို တန်းစီထည့်သွင်း ဖော်ပြပေးထားတဲ့ နေရာ - အတန်း(Bar) ကို Menu Bar လို့ ခေါ်ပါတယ်။ အများအားဖြင့် ထောင့်မှန်စတုဂံ ရှည်မျောမျော အသွင် ရှိကြပါတယ်။ File, Edit, View,.. ,Tools, Help စသည်ဖြင့် အစီအစဉ်အတိုင်း မြင်တွေ့ရလေ့ ရှိပါတယ်..


More Details:

Menu bar တွေမှာ ပါဝင်နေတဲ့ အကြောင်းအရာ အတော်များများဟာ တူညီနေလေ့ရှိကြပေမယ့် သက်ဆိုင်ရာ အသုံးချ ဆော့ဖ်ဝဲနဲ့ စက်မောင်းနှင်မှုစနစ် (OS) အမျိုးအစားများ အပေါ်မူတည်ပြီး ကွဲပြားခြားနားမှုများ ရှိပါတယ်။

  • ပန်းသီး (Apple Macintosh)
  • ပန်းသီး ကွန်ပျုတာများမှာ Menu bar ကို ဖန်သားပြင် မြင်ကွင်းရဲ့ အပေါ်ဘက်ထိပ်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်ဘက် ထောင့်မှာ ပန်းသီး ပုံလေးကို မြင်တွေ့ရမှာ ဖြစ်ပြီး၊ ကပ်လျက် ညာဘက်က စတင်ပြီး သက်ဆိုင်ရာ အသုံးချဆော့ဖ်ဝဲမှာ ပါရှိတဲ့ File, Edit, View,.. ,Tools,Help စတဲ့ သက်ဆိုင်ရာ Menu အုပ်စု ခေါင်းစဉ်များကို တွေ့ရမှာ ဖြစ်ပါတယ်.. ညာဘက် အစွန်ကနေ ပြန်ကြည့်တဲ့ အခါမှာ နာရီ၊ အသံအတိုးအကျယ် ခလုတ် စတာတွေကို မြင်ရမှာပါ...
    ပန်းသီး ကွန်ပျုတာမှာ Menu bar ကို တစ်ခုတည်းပဲ မြင်တွေ့ရမှာပါ။ လတ်တလော မြင်တွေ့နေရတဲ့ Menu bar ဟာ လတ်တလော အလုပ်လုပ်နေတဲ့ အသုံးချ ဆော့ဖ်ဝဲ အတွက်ပါ.. ဥပမာ အနေနဲ့ System Preferences ဆိုတဲ့ ဆော့ဖ်ဝဲကို အသုံးပြုနေမယ်ဆိုရင် သက်ဆိုင်တဲ့ Menu အုပ်စုကို ညာဘက်မှာ တွေ့ရမှာပါ..
    အစောပိုင်း ကာလက ပန်းသီးကွန်ပျုတာတွေမှာ ပါဝင်တဲ့ Menu တွေဟာ ဖန်သားပြင် မြင်ကွင်းရဲ့ ထိပ်မှာ Menu bar တွေ အများကြီး ထားရှိတဲ့ စနစ်ကို သုံးခဲ့တာ ဖြစ်ပြီး နောင်မှာ အခု လက်ရှိစနစ်ကို အသုံးပြူခဲ့တာပါ.. ၁၉၈၃ မှာ ထုတ်ဝေခဲ့တဲ့ (ပန်းသီး လီဆာ) စက်မောင်းနှင်မှုစနစ် ( OS) မှာ ပထမဆုံး Menu bar ကို စတင် အသုံးပြုခဲ့ပါတယ်.. အဲဒီစနစ်ဟာ ပန်းသီး ကွန်ပျုတာတွေမှာ လက်ရှိ အသုံးပြုနေတဲ့ Mac OS (Macintosh Operating System) များအားလုံးမှာ ပါရှိတဲ့ အင်္ဂါရပ် တစ်ခု အနေနဲ့ ယခုနောက်ဆုံး (Mac OS X) အထိ ဆက်လက် ပါရှိလာခဲ့ ပါတယ်..
  • မိုက္ကရိုဆော့ဖ် ၀င်းဒိုး (Microsoft Windows)
  • မိုက္ကရိုဆော့ဖ်ရဲ့ ၀င်းဒိုး စက်မောင်းနှင်မှု စနစ်မှာ ဆိုရင်တော့ Menu bar တွေဟာ ဖွင့်ထားတဲ့ ၀င်းဒိုးတိုင်းရဲ့ ခေါင်းစီးတန်း (Title bar) အောက်မှာ ကပ်လျက်သား အမြဲရှိနေတာ မြင်ရပါမယ်.. အဲဒီအတွက်ကြောင့် ကွန်ပျုတာရဲ့ ဖန်သားပြင်မှာ အချိန်တစ်ခု အတွင်းမှာပဲ ဖွင့်နေတဲ့ ၀င်းဒိုးတွေရဲ့ အရေအတွက် အတိုင်း Menu bar တွေကို တန်းစီမြင်နေရမှာ ဖြစ်ပါတယ်.. Menu bar တွေရဲ့ အတွင်းမှာ ပါရှိတဲ့ သက်ဆိုင်ရာ Menu တစ်ခုချင်းစီကို အသုံးပြုချင်တယ် ဆိုရင်တော့ ကီးဘုတ်က Alt ခလုတ်ကို နှိပ်လိုက်မယ်ဆိုရင် Menu အုပ်စု အမည်တွေကို အခုလို File Edit View .. Tools Help စသဖြင့်
    မျဉ်းသားပေးထားတဲ့ အနေအထားနဲ့ မြင်ရမှာ ဖြစ်ပါတယ်.. နောက်ထပ် သိသာထင်ရှားတာ တစ်ခုကတော့ ကီးဘုတ်က Alt ခလုတ် သို့မဟုတ် F10 ခလုတ်ကို နှိပ်လိုက်တဲ့ အခါ ၀င်းဒိုးစနစ်အနေနဲ့ File နေရာမှာ အာရုံစိုက် (Focus) ဖြစ်နေတာကို သိသိသာသာ မြင်ရမှာ ဖြစ်ပါတယ်..
  • လင်းနပ်စ်နှင့် ယူနစ်စ်(Linux and UNIX)
  • လင်းနပ်စ်နှင့် ယူနစ်စ် OS တွေမှာတော့ ဒီစနစ်တွေမှာ အသုံးပြုထားတဲ့ (KDE) စနစ်ကြောင့် အသုံးပြုသူများ အနေနဲ့ Menu bar များကို ပန်းသီးကွန်ပျုတာ စနစ်ပုံစံနဲ့ ဖြစ်စေ၊ ၀င်းဒိုး စနစ်ပုံစံနဲ့ ဖြစ်စေ၊ ပုံစံနှစ်မျိုးလုံးကို တစ်ပြိုင်တဲ ဖြစ်စေ စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်.. Linux စနစ်မှာ ပါရှိတဲ့ "၀င်းဒိုး မန်နေဂျာ" Menu များကို - သက်ဆိုင်ရာ စာများကို ပြင်ဆင်ခြင်းဖြင့် ဖြစ်စေ၊ Control Panel မှာပါတဲ့ Desktop အပြင်အဆင် အတွက် သီးခြားဖန်တီးထားတဲ့ ပရိုဂရမ်ငယ်တွေကနေ ဖြစ်စေ - နှစ်မျိုးလုံးနဲ့ ဖြစ်စေ စိတ်ကြိုက် ပြင်ဆင် နိုင်ပါတယ်..
Advanced & References:
*. Menu တွေကို နေရာချထားတဲ့ အစီအစဉ်ဟာ အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်..
*. အဲဒီ အစီအစဉ်ကို နားလည်ထားမယ်ဆိုရင် ဆော့ဖ်ဝဲတွေကို လေ့လာရတာ၊ ကိုယ်တိုင် လေ့လာသင်ယူရတာ အတော်လေး ပျော်စရာ ကောင်းလာမှာ သေချာပါတယ်..
*. လူသားတွေရဲ့ စာပေရေးသား၊ ဖတ်ရှုမှု အလေ့အထ အများစုမှာ ဘယ်မှညာသို့၊ အပေါ်မှအောက်သို့ အစီအစဉ် (Left to Right, Top To Bottom manner) နဲ့ အကျွမ်းတ၀င် ရှိနေခဲ့တာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်.. Menu bar များမှာလည်း အရေးအကြီးဆုံး အုပ်စုများ၊ အမိန့်ပေးချက် များကို ဒီအစီအစဉ် အတိုင်း ထည့်သွင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်..
*. ဆော့ဖ်ဝဲတီထွင် ဖန်တီးသူများက ကွန်ပျုတာ စနစ်များကို တီထွင်ဖန်တီးတဲ့ အခါ လူသားအများစုနဲ့ အကျွမ်းတ၀င် ရှိနေပြီးသား အခြေအနေ၊ အသုံးအနှုံး တွေနဲ့ အလုပ်လုပ်နိုင်အောင်.. အတတ်နိုင်ဆုံး ဖန်တီးပေးလေ့ ရှိတတ်ကြပါတယ်.. ဒီအချက်ကို Menu bar များမှာလည်း အထင်အရှား မြင်တွေ့နိုင်ပါတယ်..
*. Menu bar တစ်ခုကို ကြည့်လိုက်မယ် ဆိုရင် အများအားဖြင့် ချက်ချင်း မြင်တွေ့ရတဲ့ အရာတွေက.. File, Edit, View, .. ,Tools, Help အစရှိတဲ့ Menu အုပ်စုတစ်ခုခြင်းရဲ့ ခေါင်းစဉ်တွေ ဖြစ်ပါတယ်..
*. Menu အုပ်စု ခေါင်းစဉ်များဟာ အတွင်းမှာ ပါရှိတဲ့ အမိန့်ပေးချက် တစ်ခုချင်းရဲ့ အကျဉ်းချုပ်လည်း ဖြစ်ပါတယ်..
*. ဥပမာ အားဖြင့် File ဆိုတဲ့ အုပ်စုခေါင်းစဉ် (Meu name လို့လည်း ခေါ်နိုင်ပါတယ်) ဟာ "အတွင်းမှာ ဖိုင်များနဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်ချက်များ အားလုံး ပါရှိနေကြောင်း" အတိုချုံး ဖော်ပြထားတာ ဖြစ်ပါတယ်.. အဲဒီ File ကို နှိပ်ကြည့်တဲ့ အခါ ပထမဦးဆုံး မြင်တွေ့ရမှာ ကတော့  New  Ctrl+N   ဖြစ်ပါတယ်.. ဆော့ဖ်ဝဲ၊ ပရိုဂရမ်တစ်ခုကို အသုံးပြုတဲ့ အကြောင်းရင်းဟာ တစ်ခုခုကို အသစ် ပြုလုပ် ဖန်တီးချင်တာ ဒါမှမဟုတ် ရှိပြီးသား ဖိုင်တစ်ခုကို ပြန်ပြင်ချင်တာကြောင့် ဖြစ်ပါတယ်.. အဲဒါကြောင့်.. New  Ctrl+N အရင်လာတာ ဖြစ်ပါတယ်.. ရှိပြီးသားကို ပြင်ချင်တာကတော့ နောက်ထပ်ဦးစားပေး အဆင့် တစ်ခုမို့ ပြင်ချင်တဲ့ ဖိုင်ကို ဖွင့်နိုင်ဖို့ အတွက် Open  Ctrl+O လာလေ့ရှိပါတယ်..
*. မှတ်ချက် - အမြဲတမ်း New, Open ဆိုပြီး လာမှာ မဟုတ်ပါဘူး။ ဆော့ဖ်ဝဲ အမျိုးအစားကို မူတည်ပြီး အရေးအကြီးဆုံး အရာတွေကို ထိပ်ဆုံးမှာ ထားရှိတဲ့ အကြောင်း အဓိက ရည်ရွယ်ချက်ကို သိထားဖို့လိုပါတယ်..
*. နောက်ထပ် အောက်ကို ဆက်ကြည့်ကြမယ်ဆိုရင် သိမ်းဆည်းတဲ့ အလုပ်ကို အဓိက လုပ်ဆောင်ပေးတဲ့ Save   Ctrl+Save |  Save As စတဲ့ အမိန့်ပေးချက် တွေကို သီးခြားအုပ်စုငယ်လေး တစ်ခုအဖြစ် ဆက်လက် မြင်တွေ့ရမှာပါ.. ဆက်လက်ပြီး Page Setup | Print Preview |  Print   Ctrl+P စတဲ့ ဆောင်ရွက်ထားပြီး သမျှကို စာရွက်အနေအထား၊ အရွယ်အစားများ ရွေးချယ် ပုံနှိပ်ထုတ်ဝေ နိုင်တဲ့ Printအုပ်စုငယ်လေးကို ဆက်လက် မြင်တွေ့ရမှာ ဖြစ်ပါတယ်.. လုပ်ဆောင်ချက်များ အားလုံး ပြီးဆုံးတဲ့ အခါ သုံးနေတဲ့ ဆော့ဖ်ဝဲ ပရိုဂရမ်ကို ပိတ်နိုင်တဲ့ အမိန့်ပေးချက် Exit ကိုတော့ နောက်ထပ် သီးခြား အုပ်စုလေး တစ်ခု အနေနဲ့ အောက်ဘက် ဆုံးမှာပဲ အမြဲထားရှိတာ မြင်ကြရမှာပါ.. ဒါတွေအားလုံးက File menu တစ်ခုတည်းကို ဥပမာ အနေနဲ့ ထားပြီး ပြထားတာ ဖြစ်ပါတယ်.. ကျန်တဲ့ Menu များမှာလည်း အရေးကြီးတဲ့ အမိန့်ပေးချက်များကို အပေါ်ဆုံးမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်...
*. မိုက္ကရိုဆော့ဖ် ၀င်းဒိုးနဲ့ ပန်းသီး မက်ကင်တော့ရှ် စနစ် နှစ်ခုလုံးမှာ၊ အသုံးများတဲ့ လုပ်ဆောင်ချက်များကို ကီးဘုတ် ကနေ ဖြတ်လမ်းနည်း (Shortcut) နဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထား ပါတယ်။ မိုက္ကရိုဆော့ဖ်ရဲ့ Menu bar တွေဟာ သက်ဆိုင်ရာ ပရိုဂရမ်မှာ တွဲလျက်ရှိနေတာဖြစ်ပေမယ့်၊ မက်ကင်တော့ရှ် စနစ်မှာ ပါရှိတဲ့ Menu bar စနစ်ဟာ Fitts's law အရ ငါးဆ ပိုမြန်တဲ့ အကြောင်း ပန်းသီးကွန်ပျုတာ ကုမ္ပဏီမှ ကျွမ်းကျင်သူများက ဆိုပါတယ်... အကြောင်းကတော့ Menu bar ဟာ ဖန်သားပြင်ရဲ့ အစွန်းမှာ အမြဲရှိနေတဲ့ အတွက် ပန်းသီးကွန်ပျုတာ အသုံးပြုသူများ အနေနဲ့ သူတို့ရဲ့ မောက်စ် ညွန်တံများကို ဖန်သားပြင် မြင်ကွင်းရဲ့ ထိပ်ကို စိတ်လွတ်လက်လွတ် ပစ်တင်လိုက်နိုင်ပြီး Menu bar တွေ ကွယ်ပျောက်သွားတာ၊ ကျော်သွားတာမျိုး ဘယ်တော့မှ ကြုံရမှာ မဟုတ်လို့ပါပဲ... ပန်းသီးကွန်ပျုတာ ကုမ္ပဏီဟာ ဒီနည်းစနစ်ရဲ့ အကျိုးကျေးဇူးကြီးမားပုံကို ကောင်းစွာ သိရှိလိုက်တဲ့ အခါမှာ သူတို့ရဲ့ Menu bar စနစ်ကို မူပိုင်ခွင့် မှတ်ပုံတင် ခဲ့ပါတယ်..



Reference:
-define:Menu, GUI, & Menu bar in Google Search
-Books & Websites shown in Reference Section
မြန်မာ ညီအကို မောင်နှများနှင့်
အိုင်တီနည်းပညာများကို ကျွန်တော်တို့ထက်ပို၍
လွယ်ကူလျင်မြန် ပြည့်စုံစွာ လေ့လာ လိုသူ အနာဂါတ် မြန်မာ့ မျိုးဆက်များ အတွက် ရည်ရွယ်ပါသည် ...
ဆွေးနွေး အကြံပြုချက်များ အားလုံးနှင့်
ထပ်မံ ဖြည့်စွက်လိုသော အချက် အလက်များကို Comment မှတဆင့်
ထည့်သွင်း ဆွေးနွေး ပေးသွား နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် ခင်ဗျား...

1 comment:

Aung said...

Juniper firewall အကြောင်းရှင်းပြပေးလို့ရမလားဗျာ။